Sunday, January 1, 2017

မောင်တောမြို့နယ် တူလာတူလီကျွန်းကျေးရွာမှ ရာအိမ်မှူး ၁ ဦးပျောက်ဆုံး



နေပြည်တော် ဇန်နဝါရီ ၁
မောင်တောမြို့နယ် တူလာတူလီ ကျွန်းကျေးရွာမှ ရာအိမ်မှူးတစ်ဦး ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ပျောက်ဆုံးလျှက် ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် တူလာတူလီ ကျွန်းကျေးရွာမှ ရာအိမ်မှူး လာလူမျာ သည် ဒီဇင်ဘာ ၃၀ရက် ည ၇ နာရီက ကျေးရွာလုံခြုံရေး လာရောက် ဆောင်ရွက်သော မင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းအား ရွာထိပ်သို့ လိုက်ပို့ရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးလျက် ရှိကြောင်း ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီတွင် မင်းကြီးကျေးရွာ ရဲကင်းစခန်းသို့ လာရောက် အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment