Friday, January 27, 2017

ညောင်တုန်းမြို့၌ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ စာပေအသိပညာ ဟောပြောပွဲနှင့် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲ ကျင်းပ

ညောင်တုန်း ဇန်နဝါရီလ ၂၇
ကျောင်းသား/သူများ အသိအလိမ္မာတိုးတက်စေရေးနှင့် စာပေဗဟုသုတရရှိစေရေးဖတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရေးကိုယ်ရည်ကိုယ်သွေး ထက်မြတ်စေရေး ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုနေ့ အကြို ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်ကျင်းပပြုလုပ်သည့် အသိပညာပေး ဟောပြောပွဲနှင့် ညဏ်စမ်းပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်န၀ါရီလ(၂၇)ရက်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ရုံး၊ ရုပ်မြင်သံကြားခမ်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများ၊ဆရာ/ဆရာမများ စာပေ၀ါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာဦးက စာပေအသိပညာ တိုးပွားတိုးတက်စေရေးနှင့်ညဏ်စမ်းပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်မြို့နယ်စာရေးဆရာအသင်းမှ ကိုလှိုင်ဝင့်ဖေ(မြန်မာနွယ်)က ကျောင်းသား/သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိညဏ်ရှိဖို့စာဖတ်ကြစို့ ခေါင်းစဉ်ဖြင့် စာပေနှင့်ပတ်သတ်သည့် ဗဟုသုများအား အကျယ်တ၀င့်ဟောပြောသည်။
ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဟန်ဝင်းအောင်က သက်ငယ်မုဒိန်းမှုလျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးအပြစ်များအား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက်ဉာဏ်စမ်းဖတ်၊ မှတ်၊ စွမ်းရည်ပြိုင်ပွဲအားကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အထက(၁)၊အထက(၂)နှင့်(ခွဲ)အထက(မြို့မ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၆၀)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ အထက(၁)မှပထမနှင့်ဒုတိယ၊(ခွဲ)အထက(မြို့မ)ကျောင်းမှဒုတိယနှင့်အထက(၂)မှစတုတ္ထဆုများ အသီးသီးရရှိရာ တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်သည်။ ကျောင်းသား/ကျောင်းသူများအား ဉာဏ်ရည် တိုးတက်မြှင့်မားစေရေးအတွက် ပြိုင်ပွဲဝင်ကျောင်းသား/သူများအား နွားနို့၊ကြက်ဥ၊ငှက်ပျောသီးများဖြင့်အဟာရအဖြစ် ကျွေးမွေးဧည့်ခံသည်။
ထို့နောက်စုပေါင်းပါဝင်မှု၊ ဉာဏ်စမ်း၊ ဂိန်းကစားနည်းပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။

ညောင်တုန်း (ပြန်/ဆက်)

No comments:

Post a Comment