Saturday, January 14, 2017

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား သြကညအငေည ငြုန ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကျင်းပ



နေပြည်တော်၊ ဇန်နဝါရီလ ၁၄
စက်ဘီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်၊  ကချင်ပြည်နယ် Northern Myanmar စက်ဘီးကလပ်နှင့် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပထမအကြိမ် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား Mountain Bike ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲအား ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။



ရှေးဦးစွာ မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှ စတင်တာလွှတ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၉၈)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ မနောကွင်းမှ မြစ်ဆုံအထိ (၂၈)မိုင်ခရီး စီးနင်းကြပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ တာဝေးစက်ဘီးစီးပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment