Friday, January 27, 2017

ဂန့်ဂေါခရိုင် ကျောမြို့တွင် အသိပညာပေးဟောပြော

ဂန့်ဂေါ ဇန်နဝါရီ ၂၇
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၇ ရက်နံနက်က ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ကျောမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က အသိပညာတိုးပွါးရေး စာအုပ်၊ စာပေ လေ့လာဖတ်ရှုပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့က အားကစားမြှင့်တင် စိတ်လန်းရွှင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထက် အောင်က မီးဘေးရှောင် မလောင်ခင်တား ခေါင်းစဉ်ဖြင့် လက်တွေ့မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြ၍ လည်းကောင်း ရှင်းလင်းဟောပြောကြသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင်နှင့် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ၅၀၀ ကျော်တို့ တက်ရောက်ကြ၍ မီးသတ်ဦးစီးဌာနက မီးသတိမူရေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment