ကရင်ပြည်နယ်၊
ဘားအံမြို့တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ ဆောင်ရွက်သော ၀န်ဇင်းလမ်းကတ္တရာလမ်းသစ်
ဖွင့်ပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်က
အမှတ်(၇)ရပ်ကွက်ရှိအဆိုပါလမ်းသစ်မုဒ်ဦး၌ ကျင်းပသည်။
ယခုဖွင့်လှစ်သည့်ဝန်ဇင်းလမ်းမှာ
လူစည်ကားသည့်ရပ်ကွက်အတွင်းတည်ရှိပြီး လမ်းအသုံးပြုမှုများပြားခြင်းကြောင့် ယခင်မြေသားလမ်းအဆင့်မှ လမ်းအရှည် ၁၃၅၀ ပေ၊ အကျယ်
၁၄ ပေရှိကတ္တရာလမ်းအဖြစ်သို့ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်(၂၅.၂)သန်းဖြင့် အကုန်အကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခင် မြေသားလမ်းသည်
နွေရာသီတွင် ဖုန်ထူ၍ မိုးရာသီတွင် ဗွက်ထသည့်အတွက် ထိုလမ်းကိုအသုံးပြုသွားလာကြသော ရဟန်းရှင်လူကျောင်းသား/သူများအတွက်
အခက်အခဲဖြစ်ရကြောင်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ သည့်အတွက်
ပြည်သူအများသွားလာမှုအဆင်ပြေချောမွေ့နိုင်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ
ကတ္တရာလမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊
ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းနှင့်
မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်-၂ ဦးဖော်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက် လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ အဆိုပါ
ကတ္တရာလမ်းသစ် တစ်လျှောက် လှည့်လည်ကြည့်ရှု့
ခဲ့ကြသည်။
ဘားအံမြို့နယ်
စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြလမ်းအရှည် (၂.၀၅) ဖာလုံ
ကတ္တရာလမ်း ခင်းခြင်း၊ (၀.၈၄)ဖာလုံကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ၂၃၇၆ စ/ပေကတ္တရာလမ်းပေါက်ဖာထေးခြင်း၊ (၄.၃၅)ဖာလုံ
ကွန်ကရစ်ခင်းခြင်း၊ (၁.၉၈)ဖာလုံကျောက်ချောလမ်းခင်းခြင်း၊ (၀.၉၀)ဖာလုံလမ်းတိုးချဲ့ခြင်းနှင့်
မြို့ပြတံတားနှစ်စင်းတို့ကိုငွေကျပ် ၂၁၅.၉၁သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment