Monday, January 30, 2017

လူကုန်ကူးမှုတားဆီးရေး အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်               ဇန်န၀ါရီ              ၃၀
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနှင့် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော လူကုန်ကူးမှုတားဆီးရေး အသိပညာပေးဆင့်ပွားသင်တန်းကို (၃၀-၁-၂၀၁၇)ရက်နေ့ နံနက်(၉)နာရီ အချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရုပ်သံခန်းမ ပြုလုပ်ကျင်းပရာ ရွှေပြည်သာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းသားသင်တန်းသူများ ၊သင် တန်းပို့ချဆရာဆရာမများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ကိုယ်စား အင်းစိန်မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်မှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ Project Co-ordinator ဆရာဦးစိုး ထက် က သင်တန်းနှင့်ပတ်သက်သော အစီစဉ် ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး သင်တန်းကာလမှာ (၂) ရက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေမျိုးထွန်း(IPRD)

No comments:

Post a Comment