Wednesday, January 11, 2017

တနင်္သာရီမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ ဇန်န၀ါရီ - ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ယနေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျချောင်းရေမြင့်တက်လာပြီး ချောင်းလမု ကျေးရွာအတွင်းသို့ ၃ ပေခန့် ၀င်ရောက်ခဲ့သဖြင့်
ရွာသူ/ရွာသားများ၊ တိရစ္ဆာန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေဘေးလွတ်ရာ ကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းက နေ့လယ်ပိုင်းတွင် ကူညီပြောင်းရွှေ့ပေးခဲ့သည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၂၀ လုံးရှိသည့် အနက် ချောင်းကမ်းပါးအနီးရှိ နေအိမ် ၅၇ လုံးအတွင်းသို့ သာ ရေ၀င်ရောက်ခဲ့ပြီး အဆိုပါနေအိမ်များမှ လူဦးရေ ၃၃၃ ဦးနှင့် အသုံးအဆောင်ပစ္စည်းများအား ရေဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေး ခဲ့ကြောင်းနှင့် လူ/ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment