Wednesday, January 11, 2017

ပုသိမ်ကြီးမြို့နယ်အတွင်း ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦး သေဆုံး


နေပြည်တော်၊ ဇန်န၀ါရီ - ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ ဦးဇော်လွင်ဦး နေအိမ်၌ ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နယ်မြေခံတပ်မှ တပ်မတော်သားများ၊
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာရှိ ဒေသခံပြည်သူများက ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ငှားနေထိုင်သူ မနီလာဝင်းမှာ မီးလောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ပြီး နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာရှိ ဒေသခံပြည်သူများက မီးကြွင်းမီးကျန်များမှ ထပ်မံ၍ မီးလောင်ကျွမ်းမှုမရှိစေရေး ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment