စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊
ကနီမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မြို့ပြ/ကျေးလက်
လမ်းတံတား လုပ်ငန်းများအနက် ချောင်းမကျေးရွာတွင်း လမ်းသစ်ဖွင့်ပွဲကို (၆၉)နှစ်မြောက်
လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇန်န၀ါရီ ၃ ရက်နေ့က အဆိုပါ ကျေးရွာ ကျောက်ချောလမ်း၌
ကျင်းပကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဌမှ ကျေးရွာတွင်းကျောက်ချောလမ်း ခင်းပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး
ကျောက်ချောလမ်းသစ်အား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရွှေဌေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌ ဦးဖြိုးအောင်ထွန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးချစ်ကိုကိုတို့
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မြို့နယ်စ်ာပင်သာယာရေး ကော်မတီ ဥက္ကဌမှ အထိမ်းအမှတ်
အလံများပေးအပ်ခဲ့သည်။
ယင်းနောက် ချောင်းမကျေးရွာ အုပ်ချုပ်ရေးမှူးက
မိမိတို့ကျေးရွာတွင်းလမ်းအား ချောက်ချောလမ်းခင်း ပေးသည့်အတွက် များစွာဝမ်းမြောက်ကြောင်း
ဒီလမ်းဟာ မိုးတွင်းကာလတွင် ရွှံ့နွံများကြောင့် ရွာတွင်းသွားလာရန် အဆင်မပြေမှုများရှိပါတယ်။
အခု မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကျောက်ချော လမ်းအဖြစ် ခင်းပေးတဲ့အတွက် များစွာဝမ်းမြောက်ပါကြောင်း
ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ အင်ဂျင်နီယာမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌနှင့် အြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများတက်ရောက်ကြသည်။ အဆိုပါ ချောင်းမကျေးရွာတွင်းကျောက်ချောလမ်းကို
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှင့် ခွင့်ပြုရန်ပုံငွေကျပ်(၇.၂၅)သန်းဖြင့် လမ်းအရှည် (၉၇၆)ပေအား
မြို့နယ်စည်ပင်သာာရေး ကော်မတီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment