Wednesday, January 11, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင် ရုပ်မြင်သံကြားမှ ဝန်ထမ်း များနှင့် တွေ့ဆုံဆွေးနွှေး


ဇန်န၀ါရီ ၁၁
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသော ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီစဉ်များအား ပြုပြင်ပြောင်း လဲနိုင်ရေး ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုန်ကြီး နှင့် ၀န်ထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀)နာရတွင် နေပြည်တော်
၊တပ်ကုန်းမြို့ရှိ မြန်မာအသံနှင့် ကျင်းပသည်။ တွေ့ဆုံပွဲတွင် ပြန်ထောင်စုဝန်ကြီး ဒေါက် တာဖေမြင့်က ဌာနတိုးတက်ပြောင်းလဲရေးအတွက် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၀န်ထမ်းများအနေဖြင့် စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရတာဝန်ယူပြီး သည့်နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် ပြောင်းလဲသင့် သလောက် ပြောင်းလဲ လာခဲ့ပြီဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံရေးအရ အယူအဆမတူ သူများအား နိုင်ငံရေးအကျဉ်းသားများအဖြစ်မှ ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယခင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ရုပ်သိမ်းပြီး အသစ်ပြဌာန်း နိုင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့မဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအား လွတ်လပ်စွာ လှုပ်ရှားသွားလာ ခွင့်ပြုခဲ့ကြောင်း၊ မီဒီယာများသတင်းရယူရေး အတွက်လည်း လွတ်လပ်စွာ သတင်းရယူခွင့်ပြု ခဲ့ကြောင်း၊ မိမိတို့မီဒီယာအား ၀ါဒဖြန့်ချိရေးအတွက် သက်သက်သာ အသုံးမချ စေဘဲ အမှန်ကိုတင်ပြ စေခဲ့ကြောင်း၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဖြစ်စေရေးသည် အဓိက ရည်မှန်းချက် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဌာနခွဲအလိုက် အဖွဲ့ခေါင်းဆောင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ အကြံပြုချက်များ၊ ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က သတင်း အစီအစဉ်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို အချိုးညီမျှတစေရန်အတွက် ယခင်က ပြန်ကြားပေးရန် (၆၀)ရာခိုင်နှုန်း၊ ပညာပေးရန် (၂၀)ရာခိုင်နှုန်း၊ ဖျော်ဖြေပေးရန် (၂၀)ရာခိုင်နှုန်း ထုတ်လွှင့်ပေးခဲ့ သော်လည်း နောင်တွင် ပြန်ကြားပေးရန်(၄၅)ရာခိုင်နှုန်း၊ ဖျော်ဖြေပေးရန် (၃၅)ရာခိုင်နှုန်း၊ ပညာပေးရန် (၂၀)ရာခိုင်နှုန်း၊ ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ချက်ချင်းဖြေရှင်းဆောင်ရွက် ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား မှတ်တမ်းတင်ကာ နောင်လာမည့် ဆွေးနွေးပွဲတွင် အတည်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သတင်းတစ်ပုဒ်တွင် သတင်း၏တန်ဖိုးသည် အရေးကြီးကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များကို ကိုယ်ပိုင် ထုတ်လုပ်ရန် လိုကြောင်း၊ Current News တွင် ပြည်သူ့အသံများပါရန် မိမိတို့ကိုယ်တိုင် အားထုတ်ကြရမည်ဖြစ်ကြောင်း၊ MRTV ရေရှည်တိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက် သွားရန်လိုကြောင်း ယခုကဲ့သို့ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ပေးခြင်းအားဖြင့် ၀န်ထမ်းများ၏ တီထွင်ကြံဆနိုင်မှု စွမ်းအားများ အကြံဥာဏ်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment