အင်္ဂပူမြို့နယ်၊
ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ လူပျိုတော်ကွင်းကျေးရွာ၊ ဓမ္မာရုံတွင် ဇန်နဝါရီ၃ရက်နေ့
နံနက်ပိုင်းက မြစိမ်းရောင်စီမံကိန်းကျေးရွာ၏ (၄)နှစ်မြောက် စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်ရေး
အတွက် ချေးငွေ လျှောက်လွှာများ စီစစ်အတည်ပြုခြင်း အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင်
မြို့နယ်မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ မြို့နယ်ဦးစီးမှူး
ဦးသန်းဇော်စိုးက စီမံကိန်းလုပ်ငန်းများအားဆက်လက်အကောင်အထည်ဖော်ဆောင်နိုင် ရေးအတွက်
(၄)နှစ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အတိုးအရင်းရငွေများအား ပြန်လည်ထုတ်ချေးပေး
နိုင်စေရေးအတွက် အသင်းသားများ၏ ချေးငွေ လျှောက်လွှာများကို စီစစ်အတည်ပြုပေးမည်ဖြစ်ကြောင်း
ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင် တစ်ဦးမှ မြစိမ်းရောင်စီမံကိန်းများ
အကောင်အတည် ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည် အားနည်းချက်၊ အားသာချက်များအား ရှင်းလင်း
တင်ပြရာမြို့နယ်ဦးစီးမှူး ပြန်လည်ဆွေးနွေးအကြံပြုခဲ့သည်။
အဆိုပါ
အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
ဦးသန်းဇော်စိုးနှင့် တာဝန်ရှိ သူများ၊ ရပ်ကျေးအုပ်ချုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဌ
နှင့်အဖွဲ့ဝင်များ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးအရင်းရငွေစုစုပေါင်း
ကျပ်(၄၁.၄၁)သန်းအား အသင်းသား (၂၄၆)ဦးသို့ ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေလျှောက်လွှာများ
စီစစ် အတည်ပြုနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment