Tuesday, January 3, 2017

(၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ


မြ၀တီ  ဇန်န၀ါရီ   
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ မြစန္ဒီပန်းခြံကျောက်တိုင်ကွင်းတွင် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့  ညနေ ၅ နာရီက အဆိုပါဖွင့်ပွဲမုဒ်ဦးရှေ့တွင်  ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများနှင့် ဈေးရောင်း ပွဲတော်ဖွင့်ပွဲ မုဒ်ဦးအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်မျိုးထူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းရွှေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများက ဌာနဆိုင်ရာပြခန်းများနှင့် ဈေးရောင်းပွဲတော် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
အဆိုပါ ပြခန်းများနှင့် ဈေးရောင်းပွဲတော်တွင် ဌာနဆိုင်ရာ ပြခန်းအဖြစ် ၁၆ ခန်းဖွင့်လှစ်ပြသပြီး ဆိုင်ခန်းများ အနေဖြင့် ထိုင်းနိုင်ငံမှ မွေ့ယာများ၊ အ၀တ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်နှင့် အခြားပစ္စည်း များစွာပါဝင် ရောင်းချသွားမည်ဖြစ်သည်။ ပြခန်းနှင့် ဈေးရောင်းပွဲတော်ကို ဇန်န၀ါရီ(၂)ရက်နေ့မှ ဇန်န၀ါရီလ (၇)ရက်နေ့အထိ ဖွင့်လှစ်ပြသ ရောင်းချသွားမည်ဖြစ်ပြီး ပဒေသာကပွဲများ ၊ စတိတ်ရှိုးများဖြင့် ညစဉ်ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြာင်း သိရသည်။ အလားတူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
           
           



No comments:

Post a Comment