Tuesday, January 3, 2017

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

လားရှိုး ဇန်နဝါရီ  ၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် ပြည်နယ်အဆင့် အခမ်းအနားကို ဇန်နဝါရီ လ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ကမ္ဘောဇခန်းမရှေ့၌ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ပြည်နယ်ပညာရေးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဟန်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
ဆက်လက်၍ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပညာရေးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဟန်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းအရာများကို ရှင်းလင်း တင်ပြသည်။
လားရှိုးမြို့အခြေခံပညာကျောင်းများမှ အသင်ပြအကောင်းဆုံးစံပြဆုရရှိသူ ဆရာဆရာမများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ၊ ပတ်ဝန်းကျင်စိမ်းးလန်းစိုပြေရေးနေ့ အထိမ်းအမှတ်ကဗျာ၊ ကာတွန်း၊ စာစီစာကုံး၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအားဆုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက လှည့်လည်ကြည့်ရှု လေ့လာအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment