Monday, January 2, 2017

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်


မော်လမြိုင်       ဇန်နဝါရီ     
 (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက်  ၈ နာရီခွဲ အချိန်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြခန်းကို ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးရွှေမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗီနိုင်း၊ ဓါတ်ပုံ များကို လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါပြခန်းကို ဇန်နဝါရီ ၂ ရက်နေ့မှ  ၇ ရက်နေ့အထိ ပြသသွား မည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။


ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment