Thursday, January 12, 2017

ပုသိမ်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ် ဇန်နဝါရီ  ၁၂
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ၊ ဇန်နဝါရီ လ ၁၁ ရက် နေ့တွင် ပုသိမ် ဟိုတယ်၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး က မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေများ နှင့်
အခွင့်အရေး ( ၄ ) ရပ် ဖြစ်သော အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ်စောင့်ရှောက်ခွင့် ၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကို အပြည့်အဝ ရရှိရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးသူငယ်များအား အကြမ်းဖက်ခြင်း ၊ လွဲမှားစွာ ပြုကျင့်ခြင်း ၊ လျစ်လျူရှုခြင်း ၊ ခေါင်းပုံဖြတ်ခြင်းဆိုတဲ့ဖွံ့ဖြိုးတိုးတက်ခြင်းကိုအဟန့်အတားဖြစ်စေတဲ့လုပ်ရပ်များကို ကာကွယ်တား ဆီး စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ လူမှုရေးအဖွဲ့အစည်းများ INGOs ၊  NGOs  ဌာနဆိုင်ရာ အဖွဲ့အစည်းများ စေတနာ့ဝန်ထမ်းများ ၊ ရပ်မိရပ်ဖများ ၊ ပြည်သူလူထု အားလုံး ပူးပေါင်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌက ပုသိမ်မြို့ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီဝင်များ အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်တွင် ပါရှိသော အခြေခံမူ ( ၄ ) ရပ်ကို ကလေးတိုင်း ရရှိ ခံစားနိုင်ရေး ဆွေးနွေးပြောကြားပြီး World Vision Myanmar မှ ဦးဝင်းဇော်ခင် ( ဇုံနယ် မန်နေဂျာ ) က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း နှင့် ရည်ရွယ်ချက်များ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးပါသည်။
ထို့နောက် ရတနာ့မေတ္တာ တရားရေးဌာန ၊ ရဲတပ်ဖွဲ့ ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ ပညာရေးဌာန ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၊ စည်ပင်သာယာရေးဌာန ၊ Save the Children Community –Base Organization ၊ ကြက်ခြေနီတပ်ဖွဲ့ ၊ ရပ်မိရပ်ဖ စသည့် ဌာနဆိုင်ရာများ မှ ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။


ပုသိမ် ( ပြန် / ဆက် ) 

No comments:

Post a Comment