ပွင့်ဖြူ ဇန်န၀ါရီ ၃
ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာတွင်
ဇန်န၀ါရီလ(၁)ရက်နေ့က တောင်သူ ဦးစန်းငွေ၏ ပဲနောက်စိုက်ခင်းမှ ပဲနောက်များ ရိတ်သိမ်းစဉ်
တံစဉ်ဖြင့် ချိပ်ပါလာသော ရှေးဟောင်းပစ္စည်းများကို
တူးဖော်တွေ့ရှိခဲ့သည်။
အဆိုပါပစ္စည်းများမှာ ငွေထည်ပစ္စည်းများ
ဟုယူဆရသော အရှည် (၃၀)လက်မ၊ အုန်းဆံကြိုး အပွပုံကြိုး တစ်ကုံး၊ အလေးချိန်(၃ ကျပ် ၅ ပဲသား)၊
အရှည်(၆)လက်မခန့်ရှိသံကွင်းဆက်(၁)ခု အလေးချိန်(၃ ပဲ ၇ ရွေး)၊ အသဲပုံ လက်ကောက် (၂)ကွင်း(
၂ ကျပ် ၂ပဲ)၊ အ၀ိုင်းပုံလက်ကောက် (၂)ကွင်း (၁ ကျပ် ၁ ပဲ)၊ အရုပ်ရေးဆွဲထားသည့် လက်စွပ်တစ်ကွင်း(၆
ပဲ)၊မောင်းကွင်းပုံ လက်စွပ်(၅)ကွင်း (၉ ပဲ)၊ ရွှေထည်ဟုယူဆရသော အချင်း(၁)လက်မခန့်ရှိ
ကျောက်(၃)လုံးပါ ဆွဲပြားအ၀ိုင်း(၁၃ ပဲ ၆ ရွေး)ခန့် တို့အား တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ
မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရှိရသည်။
သူရထွန်း
(ပွင့်ဖြူ)

No comments:
Post a Comment