နေပြည်တော်
ဇန်န၀ါရီ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်နှင့် လူငယ်များ စကားဝိုင်း (ငြိမ်းချမ်းရေး စကားဝိုင်း) ကို
ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂
၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နှစ်သစ်ကူး အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်
စကားဝိုင်းသို့ တက်ရောက် လာကြသည့် လူငယ်များက ငြိမ်းချမ်းအရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိရေး၊ ပြည်ထောင်စု စိတ်ဓာတ်
ထားရှိရေး၊ မတူကွဲပြားမှုမှ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်တွင်း စစ်ကြောင့် ရရှိခဲ့သည့်
စိတ်ဒဏ်ရာများ ကုစားနိုင်ရေး၊ ပြည်သူလူထုကို ဗဟိုပြုသည့် တရားဥပဒေဖြင့် အုပ်ချုပ်ရေး၊
ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူငယ်များ ပါဝင်ရေး၊ စစ်ကြောင့် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအား
ကူညီ စောင့်ရှောက်ရေး စသည့် ကိစ္စများနှင့် ပတ်သက်၍ အပြန် အလှန် ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်
လူငယ်များက ဂါရ၀ပြု ပေးအပ်သော အမှတ်တရ ပန်းစည်း လက်ဆောင်အား လက်ခံပြီး လူငယ်များနှင့်
အတူ စုပေါင်း ဓာတ်ပုံရိုက်သည်။
အဆိုပါ စကားဝိုင်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး
ကိုယ်စားပြု လူငယ် ၁၆ ဦး၊ မသန်စွမ်း ကိုယ်စားပြု လူငယ် ၁ ဦး၊ အမျိုးသမီး ကိုယ်စားပြု
လူငယ် ၁ ဦး တို့နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေး
ကော်မရှင်မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment