Saturday, January 14, 2017

လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



 ဘားအံ ဇန်န၀ါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇန်န၀ါရီလ ၁၄ ရက် နံနက် ၆ နာရီအချိန်က ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဘားအံ ပညာရေးကောလိပ်မှ သင်တန်းသူ/သား ဆရာ၊ ဆရာမများ၊ စည်ပင် သာယာရေးဌာနမှ ၀န်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူ လူထုများ စုစုပေါင်းအင်အား ၇၀၀ ကျော်တို့က ကမ်းနားလမ်းတစ်လျှောက်ရှိ စွန့်ပစ်ပလပ်စတစ်၊ အမှိုက်သရိုက်များနှင့် အညစ်အကြေး များအား မြို့သန့်ရှင်းသာယာလှပေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်န၀ါလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကာ ယနေ့နံနက်တွင် ကြိုဆိုထောက်ခံသော အားဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment