Wednesday, January 11, 2017

ယာဉ်မောင်း အိပ်ငိုက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတိုက်


နေပြည်တော် ဇန်န၀ါရီ ၁၁
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် အမှတ် ၂၄၂/၇ အနီး ရန်ကုန်ဘက်မှ မန္တလေးဘက် ယာဉ်မောင်း ၀င်းဗိုလ် မောင်းနှင်လာသော PROBOX မော်တော်ယာဉ်သည် ယနေ့နံနက် ၃ နာရီခွဲက ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကျွန်း ကာရံထားသော ကပ်တုံးများအား တိုက်မိရပ်တန့်ခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်မောင်းပါ (၂)ဦးအနက် ယာဉ်မောင်း ၀င်းဗိုလ်မှာ ယာလက်ဖျံ နာကျင်၊ခါးနာကျင်၊ ယာခြေဖနောင့်ပေါက်ပြဲ(အတွင်းလူနာ)မစိုးရိမ်ရ ရရှိခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်မှာ ခန့်မှန်းတန်ဖိုး (၁၅)သိန်းဖိုးခန့် ပျက်စီးသွားပြီး ဒဏ်ရာရရှိသော ယာဉ်မောင်းအား ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့ ပိုင်ယာဉ်ဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မိုင်တိုင်အမှတ် ၃၁၇/၀ အနီး နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဇော်ထက်ကိုကိုမြင့် မောင်းနှင် လာသော KIA OPTIMA  SALOON မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်၌ စိုက်ထူထားသော မိုင်တိုင်အမှတ် ၃၁၇/၀ အား တိုက်မိပြီးနောက် စက်ချို့ယွင်း၍ မြေသားလမ်းပေါ် ရပ်တန့်ထားသော ယာဉ်မောင်း ဦးလင်းအောင် မောင်းနှင်သည့် မန်းရွှေမြို့တော် EXPRESS အနီရောင်ယာဉ်အား နောက်ပိုင်းကို ထပ်၍တိုက်မိသည်။
ဖြစ်စဉ်ကြောင့် SALOON ကားမှာ ခန့်မှန်းတန်ဘိုး(၅)သိန်းဘိုးခန့်နှင့် EXPRESS ယာဉ်မှာ (၂)သိန်းဘိုးခန့် ပျက်စီးသွားသည်။ သို့ပါ၍ ယာဉ်ကို မဆင်မခြင်မောင်းနှင် သော ယာဉ်မောင်းများအား  အမြန်လမ်းရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment