Wednesday, January 11, 2017

မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းကောင်စစ်ဝန်ရုံးဖွင့်လှစ်


ရန်ကုန်- ဇန်န၀ါရီ ၁၁
မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်လှစခြင်း အခမ်းအနားကို   ယနေ့ ည ၇ နာရီ ခွဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် ပါရမီလမ်းထောင့်၊  အမှတ် ၂၉ရှိ မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ် ထူးဆောင် ကောင်စစ်ဝန်ရုံးဝင်းအတွင်း ကျင်းပသည်။

အခမ်းအနားတွင် ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Andrii Beshta၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦး တို့က မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ် ထူးဆောင်ကောင်စစ်ဝန်ရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ယူကရိန်းနိုင်ငံသံအမတ်ကြီး H.E.Mr.Andrii Beshta၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျနှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦး တို့ကအမှာစကား များပြောကြားကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့သည် ၁၉၉၉ခုနှစ်  ဇန်န၀ါရီ၁၉ရက်နေ့မှ  စတင်ကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ယူကရိန်းနိုင်ငံသံအမတ်ကြီးသည် ထိုင်းနိုင်ငံတွင်အခြေစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment