Monday, December 26, 2016

၂၀၁၆ - ၂၀၁၇ ဇလွန်မြို့နယ် နွေစပါးစိုက်ပျိုးရာသီစိုက်စနစ်စမ်းသပ် SRI စိုက်စနစ် ပျိုးထောင်ခြင်းအား ကျင်းပပြုလုပ်

ဇလွန် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ၂၀၁၆ - ၂၀၁၇ နွေစပါး စိုက်ပျိုးရာသီ နွေစပါးစိုက်စနစ် လယ်မြေ၌ စိုက်စနစ် စမ်းသပ်ကွက်တွင် မျိုးစေ့ချ အသုံးပြုခြင်းနှင့် SRI စိုက်စနစ် ပျိုးထောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ (၂၅)ရက်နေ့  နေ့လည်ပိုင်းက ဇလွန်မြို့နယ် ပက်တန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် ၀န်ထမ်းများသည် ပက်တန်းကျေးရွာ တောင်သူ ဦးစိုး၏ လယ်မြေ၌စိုက်စနစ် (၄)မျိုး စမ်းသပ်ကွက်တွင် မျိုးစေ့ချကိရိယာအသုံးပြု၍ မျိုးစေ့ချခြင်းနှင့် SRI စိုက်စနစ်အတွက် ပျိုးထောင်ခြင်း ၊ တိုက်ရိုက်အစေ့ချခြင်းတို့အား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ရီရီမြင့်နှင့် ၀န်ထမ်းများမှ စမ်းသပ်ကွက်အား လက်တွေ့ ပြသဆောင်ရွက်ပေးခဲကြသည်။ 
တက်ရောက်လာသော တောင်သူဦးကြီး (၁၀၀)ကျော်မှ သိရှိလိုသည်များကို   မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်မှ လက်တွေ့ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

 မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment