Monday, December 26, 2016

လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်ခြင်း ယင်းမာပင်မြို့နယ်တွင်ကျင်းပ

ယင်းမာပင် ဒီဇင်ဘာ  ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ် ၊လည်ငေါက်ကျေးရွာ ၊ ရတနာညွှန့် လယ်ယာနှင့်အထွေထွေစီးပွားရေးသမ၀ါယမအသင်းပိုင် လယ်ယာမြေများ အဆင့်မြှင့်တင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်(၉)နာရီအချိန်က အသင်းသားတောင်သူ ဦးစိုးဝင်း ပိုင် လယ်ယာမြေဧက (၃)ဧကကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမ၀ါယမဦးစီးဌာန တိုင်းဦးစီးမှူးမှ သမ၀ါယမအသင်းပိုင် လယ်ယာမြေများ အဆင့်မြှင့် တင်ခြင်းနှင့် ပတ်သတ်၍  ရှင်းလင်းပြောကြားခြင်း ၊ ယင်းမာပင်မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူးမှ မြေယာပြုပြင်ခြင်းအတွက် အခြေခံအချက်(၈)ချက်ကို အကျယ် တ၀င့် ရှင်းလင်းပြောကြားခြင်း ၊ လယ်ယာမြေများ အဆင့်မြှင့်တင်ခြင်းအတွက် ပံ့ပိုးချေးငွေ (၂၁) သိန်းအား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီးအသင်းသားတောင်သူ ဦးစိုးဝင်းက ကျေးဇူးတင် စကားပြောကြားခဲ့ ကြောင်းသိရှိရသည်။
ထို့နောက်တက်ရောက်သူများက မြေယာအဆင့်တင်ပြုပြင်ခြင်း ဧက (၃)ဧကလက်တွေ့ ပြုပြင် ဆောင်ရွက် နေမှုများကို ကြည့်ရှု့လေ့လာကြသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ သမ၀ါယမ အသင်းသားပိုင် မြေယာဧက (၁၂၃)ဧကအဆင့်မြှင့်တင် ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အားပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့  ၊ စစ်ကိုင်းတိုင်းဒေသကြီး သမ၀ါယမ ဦးစီးမှူး ၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အသင်းသားတောင်သူ (၄၁)ဦး တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)


No comments:

Post a Comment