၂၀၁၆-၂၀၁၇
ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)မှ လုပ်ငန်းအလိုက် ပထမအရစ်ထုတ်ပေးခြင်းနှင့်
လုပ်ငန်းအပ်နှံခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေရရှိသော
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး
အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေ ပေးအပ်ရခြင်း
ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး စေတနာထားပြီး
ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်မှာကြားသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြင့်ဝေက ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်မည့်
လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွန်းများအတိုင်း
ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေဖြင့်
ဆောင်ရွက်မည့် လုပ်ငန်းများအား အမှုတွဲပြုစုခြင်းနှင့် ငွေစာရင်းရေးဆွဲခြင်း လုပ်ငန်းများကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍
အခမ်းအနားတွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီများသို့ လုပ်ငန်းအပ်နှံခြင်း
နှင့်ရန်ပုံငွေများကို ချက်လက်မှတ်များဖြင့် ထုတ်ပေးခြင်းတို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်လတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင် နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေတို့က
ပေးအပ်ခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)ဖြင့် ရပ်ကွက်/ကျေးရွာ
အုပ်စု(၂၆)ခုတွင် လမ်း/တံတား လုပ်ငန်းများနှင့် ကျောင်းများအတွက် စာရေးခုံ/ ထိုင်ခုံများ
ပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment