နေပြည်တော် ဒီဇင်ဘာ ၂၃
အမျိုးသားပို့ဆောင်မှု
လွယ်ကူချောမွေ့စေရေးကော်မတီ (National Transport Facilitation Committee-NTFC) ၏ ဒုတိယအကြိမ်
အစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု
လွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်ကထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သော
မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသား ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ
များဖြင့် ဖွဲ့စည်းထားသောပူးတွဲ ကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော
ပူးတွဲကော်မတီ၏ ကြေညာချက် အရမဟာမဲခေါင်ဒေသခွဲနယ်စပ် ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးမူဘောင်
သဘောတူညီချက်အား မြန်မာနိုင်ငံမှ ကနဦးအကောင်အထည်
ဖော်ခြင်းကို ၁-၁၂-၂၀၁၇ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား နားလည်မှုစာလွှာ လက်မှတ်ရေးထိုးဆောင်ရွက်ရန်
လျာထားကြောင်း၊ အခြားအဖွဲ့ဝင်နိုင်ငံများသည် ၁-၃-၂၀၁၇ နေ့မှစ၍ CBTA မူဘောင်စာချုပ်ကို
အပြည့်အဝ အကောင်အထည်ဖော်ကြမည် ဖြစ်သော်လည်းမြန်မာနိုင်ငံသည် ၁-၁-၂၀၁၉ တွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို သတ်မှတ်ရက်များအတိုင်း စနစ်တကျ ခိုင်ခိုင်မာမာပါဝင်
အကောင်အထည်ဖော်နိုင်ရေးအတွက်ဌာန၊ အဖွဲ့အစည်းအားလုံးကတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
အဆင်သင့်ဖြစ်စေရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ဆွေးနွေးသည်။
အစည်းအဝေး တက်ရောက်လာကြသောဌာန၊
အဖွဲ့အစည်း တာဝန်ခံများကပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် များအားဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊
မြန်မာ-ထိုင်းနှစ်နိုင်ငံ အကြားနယ်စပ်ဖြတ်ကျော် လမ်း၊ တံတား၊ ကုန်သွယ်ရေးစခန်းနှင့်
အကောက်ခွန်ဆိုင်ရာ အသင့်ဖြစ်စေရေး ဆောင်ရွက်ထားမှုများကို အသီးသီးဆွေးနွေးကြသည်။
ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးမှ
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသ ခွဲအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ
ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်နိုင်ရေးအတွက်ဌာန၊ အဖွဲ့အစည်းများ အားလုံးက အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်ပေးကြရန် နှင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးအချိန်ဇယားရေးဆွဲ ဆောင်ရွက်
ရန် မှာကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment