နေပြည်တော်၊ ဒီဇင်ဘာလ ၂၃
ပြည်ထောင်စုရှေ့နေချုပ်နှင့်
တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏
ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး
မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က
အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက် များနှင့်ပြည်ထောင်စု
ရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များကို ဥပဒေရုံးအဆင့်ဆင့်က ကြိုးပမ်းအကောင်အထည်ဖော်
လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကိုလေ့လာ၍ လုပ်ငန်းများ
အောင်မြင် စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊
တရားမျှတမှုကဏ္ဍပြုပြင်ပြောင်းလဲရေး၊ နိုင်ငံသားများ၏ ဥပဒေအရ ရပိုင်ခွင့် အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရေး၊
ဥပဒေအရာရှိများ ၏လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်မြင့်မားလာစေရေးစသည့် လုပ်ငန်းများ အပါအဝင်
ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ သဘောတူချမှတ်ခဲ့သည့် လုပ်ငန်းများအား အကောင်
အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် ယခုအစည်းအဝေးတွင် ပြန်လည်သုံးသပ်ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊
ထို့ပြင် ဥပဒေအရာရှိ ကျင့်ဝတ်လက်စွဲ (မူကြမ်း) အားပြုစုပြီးဖြစ်၍ ယင်းအပေါ် ဆွေးနွေးသုံးသပ်ကြ
မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို
အလေးထားဆောင်ရွက်လျက်ရှိရာ ဥပဒေရုံး အဆင့်ဆင့်သည် အဆိုပါလုပ်ငန်းများနှင့်စပ်လျဉ်း၍
သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေ
ချုပ်ရုံးများအကြား ဆက်သွယ်ဆောင်ရွက် လျက်ရှိသည့် ဥပဒေကြမ်းများနှင့် စာချုပ်စာတမ်းများ
စိစစ်အကြံပြုခြင်းတို့ကို ဆောင်ရွက်ရာတွင် လုပ်ငန်းများလျင် မြန်ချောမွေ့စေရေးအတွက်
စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်ဥပဒေနှင့်အညီ တာဝန်ခွဲဝေဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
ဥပဒေရုံးအဆင့်ဆင့်သည် တရားစွဲဆိုခြင်း မပြုမီဥပဒေအကြံဉာဏ်ပေးခြင်းနှင့် အမှုလိုက်လုပ်ငန်းများ
ဆောင်ရွက်ခြင်းတို့တွင် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများနှင့် အညီတိကျစွာ
လိုက်နာကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမှုများအား မှန်မှန်နှင့်မြန်မြန်
စီရင်ဆုံးဖြတ်နိုင်ရေး အတွက် ဥပဒေအရာရှိများအနေဖြင့် ရာဇဝတ် ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေများနှင့်
အညီတင်ပြဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေး နှင့်စပ်လျဉ်း၍
၁-၄-၂၀၁၆မှ ၃၀-၁၁-၂၀၁၆ အထိတိုင်ကြားစာများအပေါ် စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအရာရှိ ၃ ဦးကို
သတိပေးခြင်း၊ ၆ ဦးကိုစာဖြင့် သတိပေးခြင်း၊ ၂ ဦးကို ရာထူးတိုးရပ်ဆိုင်းခြင်း ပြစ်ဒဏ်များ
ချမှတ်ခဲ့ပြီး စိစစ်ဆဲဥပဒေအရာရှိ ၃၂ ဦးရှိပါကြောင်း၊ ဥပဒေရုံးများအပေါ် ပြည်သူများ၏
ယုံကြည်ကိုးစားမှုရှိစေရေးအတွက် အဂတိ လိုက်စားမှုများကို ထိရောက်စွာ ကြပ်မတ်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဥပဒေအရာရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများအားလုံးသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြီးမိမိတို့၏
လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရ မည်ဖြစ်ကြောင်း ကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ဒီဇင်ဘာ ၂၄ ရက် အထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment