နေပြည်တော် ဒီဇင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး
H.E. Mr. Tateshi Higuchi နှင့် အဖွဲ့သည် ယနေ့ မွန်းလွဲ(၂)နာရီတွင် ၀န်ကြီးရုံးအစည်းအဝေးခန်းမ၌
လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
အာရှနိုင်ငံအသီးသီးတွင် ဂျပန်သံစုံတီးဝိုင်းအဖွဲ့၏ ဖျော်ဖြေမှုများ၊ မြန်မာသံစုံတီးဝိုင်းနှင့်
တွဲဖက်ဆောင်ရွက်နေမှုများနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရေး၊ ဂျပန်နိုင်ငံမှ
National Institute of Information and Communications Technology (NICT)နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့
ပူးပေါင်း ဆောင်ရွက်နေသည့် Machine Translation Project အား အကောင်အထည် ဖော်ဆောင်မှုကိစ္စရပ်များနှင့်
ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment