Friday, December 30, 2016

KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးမှ ခရီးသွားယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ဆက်ကြေး ကောက်၊ ပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော်၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၉ ရက်က KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးမှ ခရီးသွားယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ဆက်ကြေးကောက်ခံခဲ့ရာ ခရီးသွားပြည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်၊ ၁၂ မိုင်ကျေးရွာအနီး၌ မန္တလေးမှ နမ့်ခမ်းဘက်သို့ ယာဉ်မောင်း ဇော်မျိုးမောင်းနှင်၍ ခရီးသွားပြည်သူ ၄ ဦး လိုက်ပါလာသည့် မာ့ခ်တူးအမျိုးအစား ယာဉ် အား ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က လက်နက်ငယ် ကိုင်ဆောင်ထားသည့် KIA လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက ယာဉ်အားရပ်တန့်ခိုင်းရာ ယာဉ်မောင်းမှ မောင်းနှင် ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ယာဉ်အား ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူတစ်ဦးအား လက်နက်ငယ် ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်အားရပ် တန့်ပေးခဲ့ရာ အဆိုပါ လက်နက်ကိုင်က ယာဉ်မောင်းထံမှ ငွေကျပ် ၂၀၀၀၀  ဆက်ကြေး ကောက်ယူသွားကြောင်း၊  အဆိုပါ  နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိခဲ့သူအား တပ်မတော်မှ လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment