Friday, December 30, 2016

ဂွဆုံကျေးရွာ ရာအိမ်မှူးအား တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွား

နေပြည်တော် ဒီဇင်ဘာ ၃၀
မောင်တောမြို့နယ် ဂွဆုံကျေးရွာ ရာအိမ်မှူးအား ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသူ ၆ ဦးက ၀ိုင်းဝန်း ရိုက်နှက်ပြီး ကြိုးဖြင့်တုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မောင်တောမြို့နယ် ဂွဆုံကျေးရွာနေ ရာအိမ်မှူး အန်နာမူလာသည် အလုပ် ကိစ္စဖြင့် ဂွဆုံ အလယ်ကျေးရွာသို့ သွားရောက်စဉ် လမ်း၌ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူ ၆ ဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ကြိုးဖြင့်တုတ်ကာ ရွာအရှေ့ဘက်ရှိ မေယုတောင်ကြောပေါ်သို့  ခေါ်ဆောင်သွားကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းပြီး  ဖမ်းဆီးခေါ်ဆောင် သွားသူများ အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment