Friday, December 30, 2016

အောင်သာကုန်းကျေးရွာ အုပ်စု၌ နိုင်ငံသားစီစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်


ဗန်းမောက် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အောင်သာကုန်း ကျေးရွာအုပ်စု အောင်သာကုန်း ကျေးရွာမူလတန်းကျောင်း၌ ဒီဇင်ဘာ  ၂၉  ရက် ကအသက် ၁၀ နှစ်၊ ၁၈ နှစ်ပြည့် နိုင်ငံသား စီစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်းပြန်လည် ပြုပြင်ပေးခြင်း ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ြ
ပည်သူ့အင်အားဆိုင်ရာ ဗန်းမောက်မြို့နယ် ဦးစီးမှူး ဦးရွှေဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောချစ်ထူးနှင့် ဝန်ထမ်းများ၊ မူလတန်း ကျောင်းအုပ်ဆရာမ ဒေါ်အိအိလှိုင်နှင့် ကျောင်းဆရာ၊ ဆရာမများက ဒေသခံပြည်သူများ၏ အိမ်ထောင်စု ၆၄   စု ကို အသစ်လဲ လှယ်ပေးခြင်း၊ ကျောင်းသား ကျောင်းသူ များနှင့်  ဒေသခံပြည်သူ ၁၀၇  ဦးတို့ကို နိုင်ငံသားစီ စစ်ရေး ကတ်ပြားများ ဆောင်းရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)

No comments:

Post a Comment