Saturday, December 3, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံ Ghim Moh Hawker Center & Market ၌လေ့လာ



စင်ကာပူ ဒီဇင်ဘာ ၂

စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီက စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာ ကရစ်ရှ်နန်က စင်ကာပူ နိုင်ငံ Ghim Moh Hawker Center & Market ၌ တည်ခင်းသည့် နံနက်စာ စားပွဲသို့ တက်ရောက်ပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။


ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နံနက် ၁၁ နာရီတွင် ခေတ္တ တည်းခိုရာ ရှန်ဂရီလာဟိုတယ်၌ Channel News Asia သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ထွက်ခွာရန် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဌေးအောင်နှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံ ပို့ဆောင်နှုတ် ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိပြီး လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာ ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment