Friday, December 2, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အင်္ဂလန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA)မှ Forest Team Leader ,Ms. Faith Doherty နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၂
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် အင်္ဂလန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA)မှ Forest Team Leader ,Ms. Faith Doherty နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောမပြုန်းတီးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment