Friday, December 2, 2016

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ Environmental Investigation Agency (EIA) အဖွဲ့အား တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဒီဇင်ဘာ၂
ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် Environmental Investigation Agency (EIA)အဖွဲ့အား ယနေ့ မွန်းလွဲ၁၂နာရီ် ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်
အဆောက်အဦ ရေးရာဆောင်အမှတ်(I-10)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ သစ်အချောထည်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် အလေးအနက် ထားထည့် သွင်းစဉ်းစားရမည့် ကိစ္စရပ်များ၊ မျိုးသုန်းပျောက်ကွယ် တော့မည့် တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝအပင်များ ဆိုင်ရာ နိုင်ငံတကာကူးသန်းရောင်းဝယ်မှု ကွန်ဗင်းရှင်း (CITES)နှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ တနင်္သာရီ ဒေသဆီအုန်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ဒေသခံပြည်သူတို့အတွက် ထည့်သွင်း စဉ်းစားသင့် သည့်အခြေအနေများကို အလေးထားဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment