ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏
ဇနီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်အား ၎င်း၏ မြန်မာနိုင်ငံ ပညာရေး ကဏ္ဍနှင့်
အမျိုးသမီးများနှင့် ကလေးများ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကဏ္ဍများ၌ ကြိုးပမ်း ဆောင်ရွက်နေမှုများ
အတွက် Centre for Economic and Leadership Development (CELD) အဖွဲ့အစည်းက Global
Inspirational Leadership Award 2016 ဆု ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊
ဒူဘိုင်းမြို့ရှိ Shangri-La ဟိုတယ်၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့်
South America - Africa - Middle East - Asia Women Summit (SAMEAWS) ၌ အဆိုပါဆုကို
ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဒေါ်စုစုလွင်၏ ကိုယ်စား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးအေးခိုင်က တက်ရောက် လက်ခံခဲ့သည်။
အလားတူ CELD မှ ထုတ်ဝေသည့် Amazons
Watch Magazine ၌လည်း ဒေါ်စုစုလွင်၏ ပညာရေးဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများ
အတွက် Top 100 Most Influential Women In Emerging Economies အဖြစ် ထည့်သွင်းဖော်ပြခဲ့ပြီး
CELD ၏ Global Women Leaders 2016 ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့သည်။
Centre for Economic and Leadership
Development (CELD) အဖွဲ့အစည်းသည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ECOSOC)
၏ Special Consultative အဆင့်အတန်း ရရှိထားသည့် အကျိုးအမြတ် မယူသော အစိုးရမဟုတ်သည့်
အဖွဲ့အစည်း တစ်ရပ်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment