Monday, December 26, 2016

ပုသိမ်ကြီးမြို့နယ်တွင် ခေတ်မီ လယ်ယာသုံး ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းမှုများလာ

ပုသိမ်ကြီး ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၄၅၆၃) ဧကရှိရာ ယခုအချိန်တွင် မိုးစပါးများ လှိုင်လှိုင် ပေါ်လျက်ရှိပြီး ခေတ်မီလယ်ယာသုံး ရိတ်သိမ်းခြွေလှေ့စက်ကြီးများ အသုံးပြု၍ ရိတ်သိမ်းမှု များလာမှုကြောင့် စပါးစိုက်တောင်သူများ အချိန်မှီ ရိတ်သိမ်းနိုင်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ ခေတ်မီလယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်ကြီးတွေ တော်တော်များများ အသုံးပြုလာကြပြီ၊ စက်ငှားရမ်းခက တစ်ဧကကို (၆) သောင်းပေးရတယ်၊ တစ်ဧကရိတ်လျှင် ၂ နာရီ လောက်ပဲကြာတော့ တော်တော်လေး အဆင်ပြေ၊ အချိန်ကုန်လည်းသက်သာသလို၊ လူလည်းသက်သာတယ်၊ မြေကျွံ/ မြေပျော့တဲ့ စပါးခင်းနဲ့ ရေကျန်တဲ့ စပါးခင်းတွေကတော့ စက်ကြီးတွေနဲ့ရိတ်သိမ်းလို့ အဆင်မပြေဘူး၊  အဲလိုစပါးခင်းတွေက တော့ လူနဲ့ပဲရိတ်သိမ်းရတာပေါ့၊   လူနဲ့ရိတ်သိမ်းတာနဲ့ စက်နဲ့ရိတ်သိမ်းတာ ကုန်ကျစရိတ် ကတော့ သိပ်မကွာဘူး၊ စက်နဲ့ရိတ်သိမ်းတာက အချိန်ကုန်နဲ့ လူပင်ပန်းတာ သက်သာတယ်၊ ဒီဘက်ကစပါးခင်းတွေ ကတော့ စက်နဲ့ပဲ ရိတ်သိမ်းကြတော့တာ ၊ စက်နဲ့အဆင်မပြေမှပဲ လူနဲ့ရိတ်သိမ်းကြတာ’’ လို့ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောပြခဲ့သည်၊၊
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်သည် ဆည်တော်ကြီး၊ ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ခေတ်မီလယ်ယာသုံးရိတ်သိမ်း ခြွေလှေ့စက်ကြီးများ အသုံးပြုမှု များလာသော ကြောင့် စပါးခင်းများအချိန်မှီ ရိတ်သိမ်းခြွေလှေ့နိုင်၍ စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment