Friday, December 2, 2016

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ Canada Parliamentary Centre မှ Director Mr. Ivo Baitrov ဦးဆောင်သော အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ  ၁

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များသည် Canada Parliamentary Centre မှ Mr. Ivo Balinov, Director (Partnerships and Program Development) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦရေးရာဆောင် အဆောင်အမှတ်  (I-7) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ဝန်ထမ်းများအတွက် အထောက်အပံ့ဖြစ်စေမည့် အရည်အသွေး မြှင့်တင်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကနေဒါနိုင်ငံ လွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်တာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


(သတင်းစဉ်)

No comments:

Post a Comment