Wednesday, December 28, 2016

CALDINA ​မော်​​တော်​ယာဉ်​ မှ LIFAN ​ထော်​လာဂျီအား​နောက်​မှ ၀င်​တိုက်​မှုဖြစ်​ပွား


နေပြည်​​တော်​၊ ဒီဇင်​ဘာ- ၂၈
ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​၃၄၉/၁ နှင့်​၃၄၉/၂ အကြား ယာဉ်​​မောင်း ​ကျော်​ဇင်​လတ်​ ​မောင်​နှင်​ လာ​သော lifan ​ထော်​လာဂျီယာဉ်​ အား ​နေပြည်​​တော်​ဘက်​မှ မန္တ​လေးဘက်​သို့ ယာဉ်​​မောင်း ဦးခင်​​မောင်​ကြည်​ ​မောင်​နှင်​​သော caldina ယာဉ်​မှ ယ​နေ့နံနက်​ ၆နာရီ ၅ မိနစ်​က ​ထော်​ လာဂျီယာဉ်​ ​နောက်​ပိုင်းအား ၀င်​​ရောက်​တိုက်​မှုဖြစ်​ပွားခဲ့ သည်။

ဖြစ်​စဉ်​​ကြောင့်​​ထော်​လာဂျီ ​မောင်​နှင်​သူမှာ ထိခိုက်​ဒဏ်​ရာရရှိ မှုမရှိ​သော်​လည်း Caldina ယာဉ်​​ပေါ်၌ ယာဉ်​​မောင်းပါ ၄ ဦး ဒဏ်​ရာ(မစိုးရိမ်​ရ) ရရှိသွားသည်​။ ဒဏ်​ရာရရှိသူများ အားစ ကားအင်းအမြန်​လမ်းမကြီး ရဲစခန်းပိုင်​ယာဉ်​ဖြင့်​ တံတားဦး ​ဆေးရုံသို့ပို​ဆောင်​​ပေးခဲ့ရသည်​။
သို့ပါ၍ အမြန်​လမ်း​ပေါ်တွင်​​ မောင်းနှင်​ခွင့်​မရှိ​သော​ ထော်​လာဂျီယာဉ်​ကို တက်ရောက်​​ မောင်းနှင်​​ မှု​ကြောင့်​​ထော်​လာဂျီ​မောင်​နှင်​သူအား ပုဒ်​ ၃၃၇ အရအမှုဖွင့်​ပြီး​ထောလာဂျီ ယာဉ်​ ကိုသိမ်းစည်းထားခဲ့​ကြောင်းသိရသည်​။
သန်းဦး(​လေးမျက်​နှာ)
ဓာတ်
ပုံ(အမြန်​လမ်းရဲတပ်​ဖွဲ့)



No comments:

Post a Comment