Wednesday, December 28, 2016

မြောက်ဦးမြို့၌ ဥပဒေအထောက်အကူပြုသင်တန်းဖွင့်လှစ်


မြောက်ဦး      ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ဦးကျော်မြင့် Law Firm မှ ကျင်းပပြုလုပ်သည့် ဥပဒေ အထောက်အကူပြု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက ၉ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်မွန်လတ်၊ တရားလွှတ်တော် ရှေ့နေ ဦးကျော်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာအကြီး အကဲများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က ဥပဒေ အထောက်အကူပြု သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ ဦးကျော်မြင့် Law Firm ၊ တရားလွှတ်တော်ရှေ့နေ ဆရာဦးကျော်မြင့်က ဥပဒေ အထောက် အကူပြုသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ယခုဖွင့်လှစ်ပို့ချသော ဥပဒေ အထောက်အကူပြု သင်တန်းကို (၂) ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းတွင် လယ်ယာမြေဥပဒေ ၊ ပြစ်မှုဆိုင်ရာဥပဒေ ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  ၊    အလုပ်သမားဥပဒေ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေ အထောက်အကူပြု ဥပဒေ ၊ မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ မိသားစုအမွေ ဆက်ခံခြင်း၊မွေးစားခြင်း ဆိုင်ရာနှင့် ပက်သက်သည့် ဥပဒေဆိုင်ရာ သိသင့် သိထိုက်သည်များကို သင်တန်းဆရာများမှ ရှင်းလင်းပို့ချပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
ခရိုင်ပြန်/ဆက် မြောက်ဦး







              



No comments:

Post a Comment