Wednesday, December 28, 2016

ကလေးအားကစားပြိုင်ပွဲများ ကျင်းပ


မန္တလေး၊ ဒီဇင်ဘာ  ၂၈
၂၀၁၆ခုနှစ်၊ ကလေးအားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက် (၈)နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဒေးဝန်းမူလတန်းကြို ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးအားကစား ပြိုင်ပွဲများတွင် အင်္ကျီဝတ်ပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ၊ ၀ါ စိမ်း နီ ပြာ အရောင် ရွေးချယ် ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ အလွတ်တန်း အပြေးပြိုင်ပွဲ စသည့် အားကစားမျိုးစုံပါဝင်ပြီး ကလေးစုစုပေါင်း (၁၅၀)ဦးက ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသော မူကြိုကလေးငယ်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာလှိုင်၊ မိဘဆရာအသင်း အကျိုးတော်ဆောင် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။  

  ဘိုဘိုဟန်

No comments:

Post a Comment