Saturday, December 17, 2016

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပံ္ပပွဲခင်း ၂၀၁၆ ဖွင့်ပွဲကျင်းပ



ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပံ္ပပွဲခင်း ၂၀၁၆ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ တွင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က တက်ရောက် အမှာစကားပြောကြားသည်။



ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် ၁၉၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်သည့် ဘွဲ့ရလူငယ်များ ပြုစုပျိုးထောင်ရာတွင် အဓိကအခန်းကဏ္ဍတွင် ရှိပါကြောင်း၊ ရန်ကုန်တက္က သိုလ်သည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် တက္ကသိုလ်ကြီးအဖြစ် သတ်မှတ်ထားသည့် အစဉ်အလာ ကောင်းများရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒေသလိုအပ်ချက်နှင့် နိုင်ငံတော်၏လိုအပ်သော လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သော သင်တန်းအစီအစဉ်များ စနစ်တကျ ထိထိ ရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
ရန်ကုန်တက္ကသိုလ်မှ ခေတ်စနစ်နှင့် လိုက်လျော ညီထွေရှိသော သင်ကြားသင်ယူမှုနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်း လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ အားလုံးအနေဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ သုတေသနရလဒ်များကို နိုင်ငံတကာသုတေသန ဂျာနယ်များတွင် သုတေသန စာတမ်းများရေးသားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ သုတေသနစာတမ်းများကို နိုင်ငံ တကာအဆင့်မီ ပြုစုရေးသားနိုင်မှသာလျှင် လက်တွေ့နယ်ပယ်နှင့်နီးစပ်သည့် သင်တန်းများဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အသွေး ပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များကို မွေး ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
သိပံ္ပပွဲခင်းများပြုလုပ်ခြင်းသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ သုတေသန ရလဒ်များနှင့် အသိပညာ၊ အတတ်ပညာများပေါ်တွင် အခြေပြုပြီး မိမိတို့၏ ဆန်းသစ် တီထွင်နိုင်သည့် စွမ်းရည်ယှဉ်ပြိုင်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် ဘွဲ့ရလူငယ်များ ပြုစုပျိုး ထောင်ပေးနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန် တက္ကသိုလ်တို့က တွန်းအားပေးကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်သော  တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာနှင့် တန်ဖိုးများကို အလေးထား ကာကွယ် စောင့်ရှောက် ထိန်းသိမ်းမြှင့်တင်နိုင်ကြစေရန် မိသားစုစိတ်ဓာတ်နှင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရာပြည့်အကြိုသိပံ္ပပွဲခင်း ၂၀၁၆ ကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က သိပံ္ပပွဲခင်း ၂၀၁၆ ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး သိပံ္ပပွဲခင်း ပြခန်းများသို့ လှည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment