နေပြည်တော်
ဒီဇင်ဘာ ၁၆
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ
ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို
ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို
ကျင်းပခဲ့ရာ ယင်းအစည်း အဝေးတွင် အချက် (၁၁) ချက်ကို ဆုံးဖြတ်နိုင်ခဲ့ကြောင်း ၊ ယင်းအချက်များကို
ယနေ့ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ မီဒီယာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှု
ဖြစ်စဉ်တွင် တိုးတက်ပြောင်းလဲမှု မည်မျှရှိသည်ကို အကဲဖြတ်တိုင်းတာသည့်နေရာလည်း ဖြစ်ပါ
ကြောင်း ၊ မီဒီယာဆိုင်ရာ ဥပဒေများသည် သတင်းမီဒီယာများ၏ လွတ်လပ်စွာလုပ်ပိုင် ခွင့်မည်မျှရရှိနေပြီဆိုခြင်းကို
ဖော်ပြနိုင်ပါကြောင်း ၊ ရုပ်သံနှင့် ပတ်သက်၍လည်း ပုဂ္ဂလိ က ရုပ်သံလုပ်ငန်းများ ၊ အခြားသော ရုပ်သံလုပ်ငန်းများ မည်မျှအထိ လုပ်ပိုင်ခွင့် ရရှိလာသည်ဟူသည့်အချက်အပေါ်
အများက စောင့်ကြည့် နေကြပါကြောင်း၊ မိမိတို့နှင့် တွေ့ထိရသည့် ပုဂ္ဂိုလ်တိုင်းကလည်း
ယင်းအချက်ကို မေးမြန်း တောင်းဆို နေကြပါကြောင်း ၊ ယခင်က ရုပ်သံဆိုင်ရာ ဥပဒေတစ်ရပ်ရှိခဲ့ပါကြောင်း၊
ယခုအခါတွင် ပြောင်းလဲ လာသည့် အခြေအနေများအပေါ်မူတည်၍ ပြန်လည်သုံးသပ် ပြင်ဆင်ရန်လိုအပ်သည့်
အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း ၊ အမြန်ဆုံးပြီးစီးစေရန်လည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း
၊ အခြားသော ရုပ်သံလုပ်ငန်းကို စိတ်ဝင်စားစွာ လုပ်ကိုင် လိုသူများအတွက် နည်းလမ်းများ
ရှာဖွေလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ပထမအကြိမ်
ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ ဥပဒေပြင်ဆင် ထားရှိမှု အခြေအနေများကို
အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်သုံးသပ်နိုင်ရန်နှင့်
နည်းဥပဒေ ရေးဆွဲ နိုင်ရန်အတွက် လိုအပ်ချက်များနှင့် အထွေထွေကိစ္စရပ်များအပေါ် ၀ိုင်းဝန်းအကြံ
ပြု ဆွေးနွေးကြသည်။ (သတင်းစဉ်)

No comments:
Post a Comment