Monday, December 26, 2016

အထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မော်လိုက် ဒီဇင်ဘာ ၂၆
           
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ စုံညီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လိုက်ခရိုင်ပညာရေးမှူး ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် အထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာများတွင် တာဝန်ယူသင်ကြားနေကြသည့် ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှု အရည်အသွေးမြှင့်တင်ရေးနှင့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးတို့ကို အဓိကထား ဆွေးနွေးသွားကြရန်၊ အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာမည့် ရလဒ်ကောင်းများကို မှတ်သားလိုက်နာ၍ မိမိ၏ ကျောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်း အတွက် ဂုဏ်ဆောင်နိုင်သည့် နိုင်ငံ့သားကောင်းလေးများ ပေါ်ထွက်လာအောင် ကြိုးစားသင်ကြား ပို့ချ သွားကြရန်နှင့် အလုပ်ရုံဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးသွားကြရန် မှာကြားခဲ့သည်။
ယင်းနောက် သင်တန်းမှူး ခရိုင်ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဦးဝင်းရွှေက အလုပ်ရုံဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့မှ အထက်တန်းပြ ဆရာ/ဆရာမ ၁၅၈ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ငါးရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူးရုံးမှ အရာရှိများက အနီးကပ်ကြီးကြပ်၍ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မော်လိုက်(ပြန်/ဆက်)

No comments:

Post a Comment