လွိုင်ကော် ဒီဇင်ဘာ ၂၆
စိုက်ပျိုးရေးမွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုအခြေပြု စီမံကိန်း
စည်းရုံးရေးမှူးများ သင်တန်း အပိုင်း(၁) ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က
လွိုင်ကော်မြို့ ၊ ရတနာသိရိ စာသင်တိုက် ခန်းမဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးသိန်းက
အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ကော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း နှင့် လွိုင်ကော်မြို့နယ် နည်းပညာ အကြံပေး
National Program Advisor ဦးရွှေတိုးတို့က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့်
အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို
သင်တန်းသား (၄၉) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၉ ရက်အထိ နည်းပြဆရာ ၅ ဦး ဖြင့် သင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသွားပါက
ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်နယ်
(ပြန်/ဆက်)

No comments:
Post a Comment