စဉ့်ကိုင်
ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊
စဉ့်ကိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းမှ ကြီးမှူး၍ ပန်းပွင့်ပန်းကိုင်ပြုလုပ်နည်း
သင်တန်းကို ဒီဇင်ဘာ(၂၆)ရက်နေ့က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
ပန်းပွင့်ပန်းကိုင်ပြုလုပ်နည်းသင်တန်းကို
သင်တန်းသူ၊ သင်တန်းသား(၂၀)ယောက် သင်ကြားခဲ့ပြီး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ
လာရောက်သင်ကြားလေ့ရှိပြီး ရည်ရွယ်ချက်မှာ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေး တစ်ဦးချင်းနှင့်
မိသားစုဝင်ငွေ တိုးပွားရရှိရေး အသက်မွေးဝမ်းကျောင်းဖြစ် သင်ကြားပေးလေ့ရှိပြီး သင်တန်းကို
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါ်စောသီတာခင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
စဉ့်ကိုင်
(ပြန်/ဆက်)
No comments:
Post a Comment