Thursday, December 15, 2016

က၀က္ကင်းကျေးရွာတွင် မြစ်ရေကျဆင်းမှုကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပွား

မအူပင် ၊ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ က၀က္ကင်းကျေးရွာအုပ်စု၊ က၀က္ကင်းကျေးရွာတွင် ဒီဇင်ဘာ ၁၅ နံနက်ပိုင်းတွင် တိုးမြစ်ရေကျဆင်းမှုကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ရာ
မြစ်ကမ်းပါးထိပ်မှ အလျား(၁၀၀) ပေ၊ အနံ (၃၀)ပေ ပြိုကျခဲ့ပြီး ကျန်ရှိသည့်ထိပ်မှ  အလျား(၅၀၀)ပေ၊ အနံ(၁၀)ပေခန့်သည် အက်ကြောင်းများ ဖြစ်ပေါ်ကာ ကျေးရွာရှိအိမ်ခြေ (၃၅၉)အိမ်၊  အိမ်ထောင်စု(၃၅၉)စု၊ လူဦးရေ ကျား(၉၃၄)ဦး၊ မ(၉၁၂)ဦး၊ စုစုပေါင်း (၁၈၄၆)ဦး အနက်မှ အိမ်ခြေ (၁၅) အိမ်သည် မြစ်ကမ်းပါးနှင့် နီးကပ်သဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment