Thursday, December 15, 2016

(၄၂ ) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျောက်ဖြူမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဖြူ ဒီဇင်ဘာ ၁၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နာရီစင်ကွင်း (သာသနာဗိမာန်ရှေ့) တွင် ဒီဇင်ဘာ (၁၅) ရက်နေ့ နံနက်(၆) နာရီအချိန်တွင် သက်ငယ်(ကျား/မ) မာရသွန်ပြိုင်အား ကျင်းပပေးခဲ့ပြီး၊
အခမ်းအနားကို (၈)နာရီအချိန်တွင် မင်္ဂလာရတုအား ရခိုင်စည်တော်ဖြင့် တီးခတ်သီဆိုကာ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင်သာရာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ပွဲဖြစ်မြောက်ရေး ကော်မတီ ဦးစံရွှေခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၄၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ၊ ထိုနောက် ရခိုင်ရိုးရာယဉ်ကျေးမှုသာလီစွယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ စာပေပြိုင်ပွဲနှင့် မာရသွန်ပြိုင်ပွဲတွင် ဆုရသူများအား ဌာနဆိုင်ရာများနှင့် အလှူ-ရှင်များက ဆုချီးမြှင့်ခြင်း၊ ကျောက်ဖြူမြို့နယ်မှ မမိစုဝေက ရေအိုး(၅)လုံးအား ခေါင်းပေါ်ရွက်၍ ဆိုင်ကယ်စီးကာသရုပ်ပြသခဲ့သည်။

ဆက်လက်၍ ယနေ့နေ့လည်ပိုင်းတွင် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အထုပ်သတ်ပြိုင်ပွဲ၊ (ညပိုင်းတွင်) ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲနှင့် ဆုပေးပွဲ၊ မြန်မာခြင်းလုံးအလှခတ်ပြသခြင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။


ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment