တာချီလိတ် ဒီဇင်ဘာ
၁၅
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကုသရေး ဦးစီးဌာနတို့
ပူးပေါင်း စီစဉ်ဖွင့်လှစ်သည့် ရပ်ရွာ အခြေပြုမူးယစ်ဆေးဖြတ်
ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊
ရန်ကုန်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင်
ခရိုင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ
ရဲမှူးကြီး ထိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်း
သင်တန်းသို့ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊
တာလေမြို့တို့မှ သင်တန်းသား (၅၀)ဦး တက်ရောက်ပြီး၊
၁၄-၁၂-၂၀၁၆ ရက်နေ့မှ ၁၇-၁-၂၀၁၇ ရက်နေ့အထိ ဌာနဆိုင်ရာများ
နှင့် လူမှုရေးအသင်းအဖွဲ့များက ဖွင့်လှစ်သင်ကြား
ပေးသွားမည် ဖြစ်သည်။
အဆိုပါ
သင်တန်းအား ရပ်ရွာဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူအသစ်
မပေါ်ပေါက်ရေးအတွက် သင့်တော်သည့် မူးယစ်ဆေး အလွဲသုံးမှု ကာကွယ်ရေးနည်းလမ်းများကို ရပ်ရွာလူထုကိုယ်တိုင်ပါဝင် ဖော်ဆောင် ရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်သည့်
ဗဟုသုတကို လူထုတစ်ရပ်လုံးရရှိစေရန်၊ ရပ်ရွာဒေသအတွင်း မူးယစ် ဆေးဝါးသုံးစွဲသူ များအား
စည်းရုံးဖော်ထုတ်ပြီး၊ ဆေးဖြတ် ကုသခံယူနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးရန်၊ စေတနာ့ဝန်ထမ်း ကြီးကြပ်ရေးမှူးများအား စည်းရုံးဖော်ထုတ်ဖွဲ့စည်းပြီး လေ့ကျင့်တာဝန်ပေးနိုင်ရန်၊
ဆေးဖြတ် ကုသမှုခံယူပြီးသူများအား ပြန်လည် ထူထောင်မှုခံယူနိုင်ရန်
နှင့် ပြန်လည်ထူထောင်မှု ခံယူပြီး သူများအား နောက်ဆက်တွဲစောင့်ရှောက်မှုကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှု
လျော့ချရေးနှင့် ပတ်သက်သော နည်းစနစ်များ စဉ်ဆက်မပြတ် ဖော်ထုတ် အကောင်အထည်ဖော် သွားခြင်းဖြင့် မူးယစ်ဆေးဝါးကင်းရှင်းသော ရပ်ရွာဒေသအဖြစ် ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း
သိရသည်။
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) တွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းကို
တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့များ၌
ဖွင့်လှစ်ခဲ့ရာ ဒေသခံ တိုင်းရင်းသား (၃၀၀)ဦးခန့် တက်ရောက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရသိရသည်။
ခရိုင်
(ပြန်/ဆက်)

No comments:
Post a Comment