Tuesday, December 27, 2016

ကနီမြို့နယ်တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေသိန်း(၁၀၀)ဖြင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကနီ၊   ဒီဇင်ဘာ   ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတား၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ သလို ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လင်ပုန်းရည် ကျေးရွာအုပ်စု မိုးကောင်းကျေးရွာတွင် ရေတွင်းတူဖော်နေမှုနှင့်  အိုင်တောင်ကျေးရွာအုပ်စု နှောတောကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လင်ပုန်းရည်ကျေးရွာအုပ်စု မိုးကောင်းကျေးရွာတွင် ရေတွင်းတူးဖော်နေမှုနှင့်  အိုင်တောင်ကျေးရွာအုပ်စု နှောတောကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ထွန်းနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment