Tuesday, December 27, 2016

(၁၅) ကြိမ်မြောက် နှစ်ကျိတ်ရှစ်ဆူ ဆင်းတုတော်များ လှည့်လည်အပူဇော်ခံပွဲကျင်းပ

မြစ်ကြီးနား        ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၅ကြိမ်မြောက် နှစ်ကျိတ်ရှစ်ဆူ ဗုဒ္ဓဆင်းတုတော် များလှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီးရှိ သာသနာ့ နဂ္ဂအသင်းများ၌ ကျင်းပပြုလုပ်သည်။

ထိုသို့လှည့်လည်ပူဇော်ခဲ့ရာတွင် မြစ်ကြီးနားမြို့ပေါ် ၂၈ ရပ်ကွက်မှ အပူဇော်ခံ ဗုဒ္ဓရုပ်ပွားတော်များ ကိုလာရောက်ပင့်ဆောင်ပြီး ရပ်ကွက်ဓမ္မာရုံများ၌ အပူဇော်ခံထားရှိကာ ရပ်ကွက်အတွင်း အန္တရာယ်ကင်း ရှင်းစေရေး ဝတ်အသင်းများမှ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်အလိုက် စေတနာရှင်ပြည်သူတွေရဲ့ လှူဒါန်းငွေတွေကို မြို့နယ်ဗုဒ္ဓဘာသာအဖွဲ့ ရန်ပုံငွေ အဖြစ်ထားရှိပါတယ်၊ ဘုရားပြုပြင်ခြင်း၊ ဝတ်ရွတ်ဆိုပြိုင်ပွဲများတွင် ဆုချီးမြှင့်ခြင်းတွေကိုလည်း အဲဒီအလှူ ငွေတွေနဲ့ဘဲ အသုံးပြုပါတယ် အပိုငွေတွေကိုတော့ သေသေချာချာစာရင်းဇယားတွေထားပြီး မြန်မာ့စီးပွား ရေးဘဏ်မှာဗုဒ္ဓဘာသာလုပ်ငန်းများမှာ အသုံးပြုဘို့အပ်နှံပါတယ်” ဟုသာသနာနဂ္ဂဟအသင်း မြို့နယ် ဥက္ကဌ ဦးကြည်ကပြောသည်။
အဆိုပါအပူဇော်ခံခြင်းအား ရပ်ကွက်အလိုက် ဓမ္မာရုံများတွင် ဒီဇင်ဘာ၃၀ရက်နေ့ထိ အပူဇော်ခံ ထားရှိမည်ဖြစ်ပြီး ၃၁ရက်နေ့တွင် ရပ်ကွက်အသီးသီးမှ ဗုဒ္ဓဆင်းတုတော်များကို သာသနာ့ဗိမာန်တော်ကြီး သို့ပြန်လည် ပင့်ဆောင်မည်ဖြစ်ပြီး ရပ်ကွက်များမှ စေတနာရှင်ပြည်သူတို့၏ လှူဒါန်းငွေများကို ဗုဒ္ဓဘာသာ အဖွဲ့သို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment