ကရင်ပြည်နယ်၊
ဘားအံမြို့တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားရခြင်းဖြင့် ပညာရပ်တစ်ခုအဖြစ်
အသုံးပြု၍ မိသားစုဝင်ငွေရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေရန်
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် လက်ရက်ကန်း(၆)လ
သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ကအဆိုပါသင်တန်းကျောင်းခန်းမ၌
ကျင်းပခဲ့သည်။
လက်ရက်ကန်း(၆)လ
သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးလှိုင်းဘွဲ၊
ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ မြို့နယ်တို့မှ သင်တန်းသူ ၁၄ ဦးသင်တန်းပြီးမြောက်အောင်မြင်ခဲ့ပြီး ဖြစ်ကာသင်တန်းတွင် လက်ရက်ကန်းဘာသာရပ်၊ အထည်ဒီဇိုင်းဘာသာရပ်၊
အဖြူချွတ်ဆေးဆိုးဘာသာရပ်၊ အထည် သင်္ချာဘာသာရပ်၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ်ဘာသာရပ်တို့ကိုစာတွေ့လက်တွေ့တို့ဖြင့်
သင်ကြားပေးခဲ့သည်။
သင်တန်းတက်ရောက်နေစဉ်
ကာလအတွင်း အဆောင်အခမဲ့နေထိုင်ခွင့်၊ လစဉ်ထောက်ပံ့ကြေးသုံးသောင်းကျပ်၊ ဆန်၊ ဆီ၊ ဆားတို့အပြင် ပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းသူတစ်ဦးလျှင်
၃၉၇၈၅၅ိ/- ကျပ်နှုန်းဖြင့် လက်ရက်ကန်းစင်နှင့်
ဆက်စပ် ပစ္စည်းများ၊ ချည် ၁၀ ပေါင်းထုတ်တစ်ထုပ်စီကိုကျောင်းဆင်းသင်တန်းသူ ၁၄
ဦးအတွက် စုစုပေါင်း ငါးဆယ်ငါးသိန်းခြောက်သောင်းကိုးထောင်ကိုးရာခုနှစ်ဆယ်ကျပ်ကို ထောက်ပံ့ပေးခဲ့သည်။
῝လက်ရက်ကန်း(၆)လသင်တန်းကို
တက်ရောက်ခဲ့ရတဲ့အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို ရရှိခဲ့တဲ့ အပြင် လူအများဖြင့်
စုပေါင်းနေထိုင်ခြင်း၊ ကိုယ်ကျင့်သိက္ခာ၊ စိတ်နေစိတ်ထား၊ လူမှုဆက်ဆံရေးများ အားလုံးကို
ပိုမိုသိရှိနားလည်ခဲ့ရပါတယ်၊ သင်တန်းကျောင်းကသင်ကြားပေးလိုက်တဲ့ ဘာသာရပ်တွေကိုအသုံးချပြီးတော့
ကရင် တိုင်းရင်းသားရိုးရာဝတ်စုံများကို အရည်အသွေးမြင့်မားအောင်
တီထွင်ကြိုးစားဆောင်ရွက်သွားပါမယ်῎ ဟု ကြားအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှ
သင်တန်းဆင်းသင်တန်းသူ နန်းသီရိဝင်းက ပြောသည်။
သင်တန်းဆင်းပွဲတွင်
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်က အမှာစကားပြောကြားပြီး သင်တန်းတွင် ပထမဆုရရှိသော
ကြားအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ မိတန်ကျေးရွာမှ နန်းဖြိုးအိဝင်း၊
ဒုတိယဆုရရှိသောလှိုင်းဘွဲ မြို့နယ်၊ ၀ါးကုတ်တောကျေးရွာမှ နန်းဌေးဌေး၊ တတိယဆုရရှိသောလှိုင်းဘွဲ့ မြို့နယ်၊ ၀ါးကုတ်တောကျေးရွာမှ နန်းငြိမ်းငြိမ်းသန်း၊ ကြားအင်းဆိပ်ကြီး မြို့နယ်၊
လမ်းဖကျေးရွာမှ နန်းမူးခလိမ်းလာတို့အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းက သင်ထောက်ကူ
ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင်းဦးက
သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment