နေပြည်တော် ဒီဇင်ဘာ
၂၃
မောင်တောမြို့နယ်အတွင်း
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်ခံရ သည်ဟူသည့် ကောလာဟလသတင်းများနှင့် ပတ်သက်၍
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို
ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ယင်းထုတ်ပြန်ချက်တွင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်
(ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများကို အောက်တိုဘာ
၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက အကြမ်းဖက်စီးနင်း ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊
အဆိုပါ တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး လက်နက်မျိုးစုံ ၅၁
လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ ရကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တပ်မတော်၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းစစ် ကြောင်းများအနေဖြင့် အကြမ်းဖက်တိုက် ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့်
ကျည်များ ပြန်လည်ရရှိရေး၊ အကြမ်းဖက်သမား များအား ဖော်ထုတ်ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများကို တရားဥပဒေနှင့်အညီ မောင်တော ဒေသအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ ကြောင်း၊ အကြမ်းဖက်သမားများသည်
အင်တာနက်နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်းများလွှင့်တင်ခြင်း၊
ပြည်ပမီဒီယာအချို့ ကလည်း မဟုတ်မမှန် လုပ်ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက်သတင်းများကို
မီဒီယာကျင့်ဝတ်နှင့် မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘောဖြင့် သတင်းဆိုးများကို
ဖြန့်ဝေလျက်ရှိကြောင်း ဖော်ပြထားသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး
ကော်မရှင်သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တောဒေသသို့ သွားရောက်၍ စုံစမ်းစစ်ဆေးခြင်းများ
ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသမီးရေးရာအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ အမျိုးသမီးများနှင့်
ကလေးများကို တွေ့ဆုံကာ အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု ရှိမရှိ ကို အသေးစိတ် မေးမြန်းခဲ့သည်။
ဒီဇင်ဘာ
၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်ပိုက်ကျေးရွာသို့ ရောက်ရှိစဉ် မဂျာမာလီဟာ နှင့် သီးခြား တွေ့ဆုံ၍ ကိုယ်တိုင် အဓမ္မ ပြုကျင့်ခံရမှု
ရှိမရှိ၊ အခြား အမျိုးသမီးငယ် များကိုလည်း အဓမ္မ ပြုကျင့်ခံရမှု ရှိမရှိ နှင့် မျက်မြင်ကိုယ်
တွေ့သိရှိရခြင်း ရှိမရှိ တို့ကို မေးမြန်းခဲ့ရာ ကိုယ်တိုင်လည်း ပြုကျင့်ခံရမှု မရှိကြောင်း၊
အခြားသူများ ပြုကျင့်ခံရမှု ကိုလည်း မြင်တွေ့သိရှိခြင်း မရှိကြောင်း ဖြေကြားခဲ့သည်ဟု
သိရသည်။
ပြည်တွင်း ပြည်ပ မီဒီယာများ
ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်သည့်ခရီးစဉ်တွင်
မောင်တော မြို့နယ် ပြောင်ပိုက်ကျေးရွာသို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက်ကျေးရွာနေ
မဂျာမာလီဟာ ၂၅ နှစ် နှင့် ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း (ခ) မနိုရ်ဂျန် ၃၂ နှစ်တို့
အားတွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာက ၎င်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့ကြောင်း
ဖြေကြားခဲ့သည်။
သို့ဖြစ်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး၊
ကျူးလွန်ခဲ့သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများအား ဥပဒေနှင့်အညီ
အကာအကွယ်များ ပေးအပ် နိုင်ရေးအတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည်
ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ကာ ပြောင်ပိုက်ကျေးရွာ
ရာအိမ်မှူး ခါလီ၊ စပယ် ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူးနှင့် ရပ်မိရပ်ဖများအား
တွေ့ဆုံမေးမြန်းခဲ့ ကြောင်း၊ မဂျာမာလီဟာနှင့် ဒေါ်သန်းသန်းတို့သည် ပြောင်ပိုက်ကျေးရွာတွင်
နေထိုင်ခြင်း မရှိဘဲ ငါးစားကြူးကျေးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့် လာရောက်ရန်
ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက် ရှိသည် ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး၏
ပြောကြားချက်အရ သိရှိရကြောင်း၊ ပြောင်ပိုက် ကျေးရွာ ရှိ မဂျာမလီဟာ၏ နေအိမ်အနီးပတ်ဝန်းကျင်နေ
အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူး တို့အား မေးမြန်းရာ အဓမ္မ ပြုကျင့်မှု ဖြစ်စဉ်နှင့်
ပတ်သက်၍ မှန်ကန်မှု မရှိကြောင်း၊ အဓမ္မ ပြုကျင့်ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း၊
၎င်းအနေဖြင့် သတင်းထောက်များအား မည်သည့်ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံရ သည်ဟု ပြောကြားသည်ကို
မသိရှိဟု ဖြေကြားခဲ့ကြောင်း၊ မောင်တောခရိုင် အတွင်းရှိ ဒေသခံများအနေဖြင့် အဓမ္မပြုကျင့်ခံရမှုများရှိပါက
ဥပဒေနှင့်အညီ အမှုဖွင့်တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှု ရှိပါက တရားဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမှန်တကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ်
ပေးသွားမည် ဖြစ်ကြောင်း ထိုသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment